Thursday, March 7, 2013

  ရွှေဥသြ
စိမ်းစိမ်း ညိုညို ပာိုဘက်တောက
ရွှေဥသြလေး တွန်သံသာ ။
နွေဦးပေါက်ရင်တွန်သံကြားရ
မြင်ဘူးကြလား မောင်တို့ရာ
ကျီးသိုက်ထဲမှာ သူ့မေထားလို့
ငှက်ဝင်စားလေးသူခမျာ
သနားစရာ အမေပျောက်လို့
သူ့တစ်ယောက်တည်း ဖော်မပါ
သာသာယာယာ သူတွန်ညည်းတော့
ဒို့ကျောင်းကြီးလည်း ပိတ်တော့မှာ
ပိတ်မှာ ပိတ်မှာ။           ။
မင်းယုဝေ

No comments:

Post a Comment